Ceno ဘရောက်ဇာ | ဝဘ်ကို မျှဝေပါ

Frequently
Asked
Questions

Ceno ဘရောက်ဇာ ဆိုတာဘာလဲ။

Ceno is a mobile web browser based on Mozilla Android Components. It is designed for accessing and distributing web content (websites) using a novel approach that relies on BitTorrent – a decentralized file sharing network. Ceno's advantage comes from side-stepping current Internet censorship methods and allowing people to access and share web information in and across regions where connectivity has been interrupted or compromised.

Ceno မည်ကဲ့သို့ အလုပ်လုပ်သနည်း။

ဝဘ်ဆိုက်တစ်ခုအား သင့်ကွန်ရက်မှ တဆင့် ဝင်ရောက်နိုင်ပါက(ဥပမာ၊ www.canada.caကို သင့် အိမ်ရှိ အင်တာနက်မှတဆင့် ဝင်ရောက်ခြင်း) Ceno သည် ၎င်းအား ပုံမှန် ဝဘ်ဘရောက်ဇာကဲ့သို့ ချိတ်ဆက်လိမ့်မည်။

ကွန်ရက် စစ်ထုတ်ခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းများကြောင့် ဝဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုခွင့်မရသောအခါ Ceno သည် ဝဘ်အကြောင်းအရာများကို သင့်အတွက် ရယူနိုင်ရန် ကြိုးပမ်းလိမ့်မည်။ Ceno သည် ဝဘ်အကြောင်းအရာများကို မည်ကဲ့သို့ ရယူသည်မှာ Ceno တွင် သင်အသုံးပြုထားသည့် အများသုံး သို့မဟုတ် တကိုယ်ရည်သုံးမုဒ်ပေါ်တွင် မူတည်ပါသည်။

In Public mode, Ceno will look into the BitTorrent network to see if another Ceno user has recently shared the requested page. If the service can identify the requested page, it will retrieve that page from another user's device. If the content is not available, Ceno will contact several Injectors to request that website and have it delivered to you.

In Personal mode, you will only contact the Injectors to have that website fetched and delivered to you. The search will not connect to the BitTorrent network and will not attempt to locate the content on other users' devices.

သင့် Ceno သုံးစွဲသူသည် ထိုးသွင်းစက်အား အမြဲတမ်းဆက်သွယ်နိုင်သည်ကို သေချာစေရန် ကျွန်ုပ်တို့သည် တံတားများကိုလည်း ဖန်တီးထားပါသည်။ အကယ်၍ သင့်ကွန်ရက်သည် ထိုးသွင်းစက်များအား ပိတ်ဆို့ထားပါက Ceno အပ်ပ်သည် အလုပ်လုပ်နိုင်သည့် တံတားများကို ရှာဖွေလိမ့်မည်၊ ၎င်းတံတားများသည် သင့်တောင်းဆိုချက်အား ထိုးသွင်းစက်များထံ ပို့ပေးလိမ့်မည်။ လက်ရှိအချိန်အထိ Ceno ကွန်ရက်သည် တံတား ၆,၀၀၀ ဝန်းကျင် အလုပ်လုပ်နေသည်။ ထိုကိန်းဂဏန်းမှာလည်း အမြဲတမ်း တိုးတက်လျက် ရှိပါသည်။

For a more detailed explanation of how Ceno works, please read the user guide.

For a simpler explanation of how Ceno works, please read this.

Ceno ကို အသုံးပြုခြင်း၏ အားသာချက်များမှာ အဘယ်နည်း။

Our motto is ‘Share the Web!' and essentially that is what Ceno users are doing. Most web pages have static content (something you read, watch, listen to, etc.). Static content can be packaged and shared with other users seeking the same content. Ceno uses the BitTorrent file sharing network for this.

Ceno's advantage is evident in a network that censors websites, or where the network is weak or unstable. In these circumstances, the Ceno client is able to leverage additional methods to retrieve content and deliver it to your device. By allowing users to enable sharing of content they have recently retrieved, Ceno expands access to the internet more generally. Whether you are living in a part of the world that restricts access to content, or in a remote area with limited access to the internet, Ceno allows you to access information that may otherwise be unavailable.

အင်တာနက် ဆင်ဆာဖြတ်တောက်ခြင်းမရှိသည့် နိုင်ငံများ သို့မဟုတ် စိတ်ချရသည့် အင်တာနက်ကို ရရှိနိုင်သည့် နေရာဒေသများမှ Ceno အသုံးပြုသူများသည် ပြင်းထန်စွာ အင်တာနက် ကန့်သတ်ခံထားရသည့် နေရာဒေသအတွင်းရှိ အသုံးပြုသူများအတွက် ပေါင်းကူးများအဖြစ် ဆောင်ရွက်ပေးရန် ရွေးချယ်နိုင်သည်။ ကွန်ရက်သည် ပေါင်းကူးအသစ်များကို အလိုအလျောက် စာရင်းသွင်းထားပြီး ၎င်းတို့ အင်တာနက်မရှိသောအချိန်တွင်လည်း ဆက်လက် ခြေရာခံသည်။ ပေါင်းကူးတစ်ခုအား အလုပ်လုပ်ခြင်းသည် အလွန်ရိုးရှင်းသော်လည်း ထိရောက်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး သင်သည် အခြားသူများအား အင်တာနက် ရရှိနိုင်အောင် ကူညီခွင့်ပြုသည်။

Ceno - နှင့် ကိရိယာ၏ အတူတကွ အလုပ်လုပ်နေသော အစိတ်အပိုင်းများအားလုံးသည် အသုံးပြုသူများအချင်းချင်းနှင့် ဆက်သွယ်ရေးဆုံးမှတ်များ၏ ဗဟိုချုပ်ကိုင်မှုမရှိသောကွန်ရက်တစ်ခုကို ဖန်တီးနိုင်သည်၊ ၎င်းသည် အခမဲ့ဖြစ်ပြီး ပွင့်လင်းရင်းမြစ် ဆော့ဖ်ဝဲလ် ဖြစ်သည်။ သင့်အနေဖြင့် ကျွန်ုပ်တို့၏ ကုဒ်များကို ကြည့်ရှုနိုင်သည် သို့မဟုတ် ကွန်ရက်တစ်ခုလုံးကို သင်ကိုယ်တိုင် ဖန်တီးနိုင်သည်။

Ceno ကို အသုံးပြုခြင်း၏ အန္တရာယ်များမှာ အဘယ်နည်း။

အသုံးပြုသူများအတွက် အန္တရာယ်များ

ထိလွယ်ရှလွယ်သော အသုံးပြုမှုများနှင့် ပတ်သက်သည့် အားလုံးသောနည်းပညာများ၌ ကိုယ်ပိုင် အားသာချက်များနှင့် အန္တရာယ်များ ရှိပါသည်။ Ceno သည် ၎င်း၏ လမ်းကြောင်းရှာခြင်းများနှင့် အချက်အလက်သိုလောင်မှုများကဲ့သို့သော လိုအပ်ချက်အများစုအတွက် အများသုံး BitTorrent ကွန်ရက်ကို အသုံးပြုရန် ဖန်တီးထားသည်။ BitTorrent ကွန်ရက်(အများသုံးမုဒ်)တွင် အကြောင်းအရာ၏ အပိုင်းအစတစ်ခုကို သင် တောင်းဆိုလိုက်သည့်အခါတိုင်း သို့မဟုတ် မျှဝေလိုက်သည့်အခါတိုင်း ၎င်းဝဘ်ဆိုက်မှ ရရှိလာသည့် အကြောင်းအရာ၏ အပိုင်းအစနှင့်တကွ သင့် IP လိပ်စာတို့ပါဝင်သည့် မှတ်တမ်းတစ်ခုအား သင် ဖန်တီးလိုက်သည်။ ဥပမာ၊ website.com နှင့် ဆက်စပ်နေသည့် IP လိပ်စာစာရင်းကို BitTorrent ကွန်ရက်အား မည်သူမဆို မေးမြန်းနိုင်သည်။

အသုံးပြုသူများသည် ရရှိလာသည့် အကြောင်းအရာများအား အခြားအသုံးပြုသူများနှင့် မျှဝေခြင်းသည် အပိုထပ်ဆောင်း ဒေတာကုန်ကျခြင်းကို ဖြစ်စေနိုင်သည်၊ အသုံးပြုသူများ၏ စက်များမှ အခြား Ceno အသုံးပြုသူများ၏ စက်များသို့ ကူးယူလာသည့် အကြောင်းအရာအတိုင်း အပိုထပ်ဆောင်းကုန်ကျနိုင်သည်။

In response to these risks, we created a ‘Personal mode' for Ceno users where the service does not interact with the BitTorrent network. We recommend this mode for users who do not want any record of their activity to appear on BitTorrent, as well for website operations that require authentication (for example, when logging into your social media accounts).

အများသုံးနှင့် တကိုယ်ရည်သုံးတပ်ဗ်များ ပြောင်းလဲမှုကို သင်လက်ရှိ အသုံးပြုနေသည့် ဘရောက်ဇာတွင် ပုံမှန်နှင့် သီးသန့်/ရုပ်ဖျက် တပ်ဗ်များ ပြောင်းလဲသည့် ပုံစံအတိုင်း သင် အလွယ်တကူ ပြောင်းနိုင်သည်။

ထိုးသွင်းစက်များသည် တောင်းဆိုချက်ပြုလုပ်သည့် အသုံးပြုသူ၏ IP လိပ်စာနှင့် လိုချင်သော အကြောင်းအရာပါဝင်သည့် ဝဘ်ဆိုက်နာမည်တို့ အပါအဝင် ကွန်ရက်‌ပေါ်ရှိ အကြောင်းအရာများအား တောင်းဆိုချက်ကို မြင်တွေ့နိုင်သည်။ ထိုးသွင်းစက်များသည် ဝဘ်အကြောင်းအရာအား ဗဟိုချုပ်ကိုင်မှုမရှိသည့် ကွန်ရက်သို့ မိတ်ဆက်ခြင်း နှင့် မိတ်ဆက်ထားသည့် အကြောင်းအရာများ၏ ပြည့်စုံမှုကို စစ်မှန်ကြောင်းစစ်ဆေးခြင်းတို့အတွက် လိုအပ်သော ကွန်ရက်အစိတ်အပိုင်းများ ဖြစ်သည်။ Ceno ကွန်ရက်တွင် ထိုးသွင်းစက်များအား အလုပ်လုပ်စေခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အား Ceno အသင်းမှ ဦးဆောင်သည်။ ကျွန်ုပ်တို့သည် ဝင်ရောက်ထားသည့် စာရင်းများအားလုံးကို အခါအားလျော်စွာ ဖျက်ပစ်သည်။

ပေါင်းကူးအဖြစ် ဆောင်ရွက်သူများအတွက် အန္တရာယ်များ

မည်သည့်အသုံးပြုသူမဆို ပေါင်းကူးတစ်ခုဖြစ်လာနိုင်သောကြောင့် ယခုလုပ်ဆောင်ချက်အတွက် ဖြစ်လာနိုင်သည့် အန္တရာယ်များကို ချင့်ချိန်စဉ်းစားပါ။

ပေါင်းကူးအဖြစ်ဆောင်ရွက်ပေးသူသည် ပေါင်းကူးမှတ်တမ်းများအား မမြင်ရပါ (သူတို့သည် အဝင်နှင့် အထွက် ချိတ်ဆက်မှုများအား ပုံသေ စောင့်ကြည့်မှု မလုပ်နေလျှင်)။ သူတို့၏ အလုပ်သည် အခြားသော Ceno အသုံးပြုသူများထံမှ ထိုးသွင်းစက်အား ဝင်ရောက်ခွင့်ရရန် ကွန်ရက်တောင်းဆိုချက်များကို လက်ခံရန်နှင့် ထိုတောင်းဆိုချက်များအား ပြန်ပို့ပေးရန် ဖြစ်သည်။

Bridge operators will have their device's IP address listed in the BitTorrent network as an accessible Bridge.

ပေါင်းကူးလုပ်ခြင်းသည် သင်ရှိနေသည့် ကွန်ရက်တွင် ဝင်ရောက်လာသည့် ဆက်သွယ်မှုများအတွက် ခွင့်ပြုထားမှသာ အလုပ်လုပ်သည်။ ၎င်းအား Ceno အသုံးပြုသူ အပ်ပ်ကို စတင်လိုက်ချိန်တွင် အလိုအလျောက် စစ်ဆေးပေးသည်။ ကြိုးမဲ့ မိုဘိုင်း ကယ်ရီယာ အများစုသည် ဝင်ရောက်လာသည့် ဆက်သွယ်မှုများအား ခွင့်မပြုပါ။

Ceno ဘရောက်ဇာအား မည်သူတို့ တီထွင်ခဲ့သနည်း။

Ceno သည် အကျိုးအမြတ် မယူသည့် ကနေဒါ အဖွဲ့အစည်း eQualitie မှ တီထွင်ခဲ့သော နည်းပညာတစ်ခုဖြစ်ပြီး ဆက်လက် ထိန်းသိမ်းပြုပြင်လျက်ရှိသည်။ ၎င်းတို့၏ Ouinet ကွန်ရက် စာကြည့်တိုက် အား Firefox Android ဘရောက်ဇာတွင် ပေါင်းစပ်ထားသည်။

eQualitie သည် တည်ရှိနေသော တစ်ဆယ့်နှနှစ်တာကာလအတွင်း၌ လွတ်လပ်စွာပြောဆိုခွင့်အား ကာကွယ်ရန်၊ သတင်းအချက်အလက် ဖလှယ်မှုအား လွယ်ကူစေရန်နှင့် အင်တာနက်ပေါ်တွင် မိမိကိုယ်ကို ထုတ်ဖော်ပြောဆိုခွင့်အား တိုးမြှင့်ရန်တို့အတွက် ကိရိယာများအား တီထွင်ခဲ့ပြီး အဆင့်မြှင့်တင်လျက်ရှိသည်။

သူတို့၏ အခြားသော ပရောဂျက်များထဲမှ တချို့မှာ Ouisync - ဗဟိုချုပ်ကိုင်မှုမရှိသည့် ဖိုင်မျှဝေခြင်း ဝန်ဆောင်မှု၊ Deflect - DDoS ကာကွယ်မှုအတွက် ကိရိယာ၊ Baskerville - စက်သင်ယူမှု(machine learning)ကို အခြေခံသည့် တိုက်ခိုက်မှု ခြေရာခံစနစ်နှင့် ဗဟိုချုပ်ကိုင်မှုမရှိသည့် ဖက်ဒရယ် ကွန်ရက် ဝန်ဆောင်မှုများကို တည်ဆောက်ရန်အတွက် dComms ပေါင်းစပ်မှု ကိရိယာစုံ တို့ ပါဝင်သည်။

What's the difference between using a VPN and Ceno Browser?

သင့်စက်နှင့် သွားရောက်လိုသည့် ဆာဗာကြားတွင် သီးသန့် ဆက်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် VPN များကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အင်တာနက်ဆင်ဆာဖြတ်တောက်မှုများသည် ကမ္ဘာတစ်ဝှမ်းတွင် မကြာခဏ ဖြစ်ပွားလျက်ရှိသောကြောင့် VPN ပံ့ပိုးသူများက ပြည်တွင်း ကွန်ရက် ကန့်သတ်ခံရမှုများကိုလည်း ကျော်လွှားနိုင်မည့် ဝန်ဆောင်မှုများကိုလည်း စတင် ကမ်းလှမ်းခဲ့သည်။ ယနေ့တွင် မြောက်များစွာသော VPN ပံ့ပိုးသူများက ၎င်းတို့၏ အသုံးပြုသူများအား ကူညီရန်အတွက် ပြည်တွင်း ကွန်ရက် ဆင်ဆာဖြတ်တောက်မှုများတွင် ချိတ်ဆက်နိုင်မည့် ရွေးချယ်စရာ အမြောက်အများကိုလည်း ကမ်းလှမ်းထားသည်။

VPN များသည် ၎င်းတို့၏ အသုံးပြုသူများမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့် ဝဘ်ဆိုက်များအား တောင်းဆိုနေကြောင်းကို သိမြင်နိုင်သည်။ ဤကဲ့သို့ အလုပ်လုပ်ရန် ဖန်တီးထားခြင်းဖြစ်ပြီး အသုံးပြုသော VPN မှာ ယုံကြည်စိတ်ချရရန်လည်း လိုအပ်သည် (eQualitie တွင် Ceno ထိုးသွင်းစက်အဖြစ် အလုပ်လုပ်နေသူများအား ယုံကြည်စိတ်ချရရန် လိုအပ်ခြင်းနှင့် ဆင်တူသည်)။

Ceno's primary distinction from a VPN is that it does attempt to route all of your website requests through the decentralized network. When a website is available without restriction, Ceno will simply connect to it like a normal web browser. Also, Ceno users cache and share content with each other. This reduces the strain on censorship circumvention nodes and improves deliverability.

What's the difference between using the Tor and Ceno browsers?

Unlike Tor Browser, Ceno Browser is not a tool for anonymity, which is Tor's primary purpose. In the Tor network, network traffic is encrypted and routed through a network of relays run by volunteers, and appears to originate from the IP address of an exit node. Tor is an excellent option for privacy from Internet surveillance and website operators. If it works in your network environment, we recommend it, provided that you've also read their support documentation.

တဖန် တကိုယ်ရည်သုံးနှင့် အများသုံးတပ်ဗ်များ၏ ကွာခြားချက်မှာ အဘယ်နည်း။

အများသုံးတပ်ဗ်များသည် သင်လိုချင်သော အကြောင်းအရာအား ရယူရန်အတွက် Ceno ကွန်ရက်အတွင်းရှိ ရရှိနိုင်သည့် ချိတ်ဆက်မှုနည်းလမ်းများအားလုံးကို အသုံးပြုသည်။ အများသုံးတပ်ဗ်ကို အသုံးပြုပြီး ရှာဖွေသောအခါ အများသုံး BitTorrent ကွန်ရက်တွင် သင်၏လုပ်ဆောင်မှုမှတ်တမ်း ကျန်ရစ်သည် (သင်၏ IP လိပ်စာနှင့် သင်တောင်းဆိုသည့် ဝဘ်ဆိုက်)။ အများသုံးတပ်ဗ်ကို အသုံးပြုပြီး သင့်စက်တွင်ရရှိလာသည့် အကြောင်းအရာများသည် BitTorrent ကွန်ရက်မှတဆင့် အခြားသော Ceno အသုံးပြုသူများနှင့် မျှဝေထားသည်။

တကိုယ်ရည်သုံးတပ်ဗ်တွင် တောင်းဆိုလိုက်သည့် အချက်အလက်များနှင့် ရရှိလာသည့် အချက်အလက်များအား အခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ မမျှဝေပါ။ သင်၏ လုပ်ဆောင်မှု မှတ်တမ်းများကိုလည်း BitTorrent တွင် မှတ်တမ်းတင်ခြင်း မရှိပါ။ ဆိုရှယ်မီဒီယာနှင့် အခြားသော အကောင့်များသို့ ဝင်ရောက်ခြင်းအတွက် တကိုယ်ရည်သုံးတပ်ဗ်များကို အသုံးပြုပါ။ Ceno ကို အသုံးပြုနေစဉ် BitTorrent ၌ သင်၏ ရှာဖွေမှု လုပ်ဆောင်ချက်များကို မပါဝင်စေလိုပါက တကိုယ်ရည်သုံးတပ်ဗ်များအား အသုံးပြုပါ။

iPhone သို့မဟုတ် Windows တို့အတွက် မည်သည့်အချိန်၌ ရရှိနိုင်မည်နည်း။

iOS နှင့် Windows တို့အတွက် Ceno ဘရောက်ဇာမှာ လက်ရှိတွင် စမ်းသပ်ဆဲဖြစ်သည်၊ ၂၀၂၄ ၏ နွေဦးတွင် မိတ်ဆက်နိုင်ရန် စီစဉ်ထားပါသည်။